Bago News

Bago News

အုတ်ဖိုမြို့နယ်၊ အတင်းအဓမ္မစစ်သားစုဆောင်း၌ ပါဝင်လုပ်ကိုင်နေသူ မောင်မောင်သန်း ပစ်ခတ်ခံ ရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုပ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ကိုင်းတောစုကျေးရွာမှာ အတင်းအဓမ္မစစ် သားစုဆောင်းရာတွင် ပါဝင်လုပ်ပေးနေသူ မောင်မောင်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံကနေ သိရပါတယ်။

 

အောက်တိုဘာလ ၃၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က အုတ်ဖိုမြို့နယ်၊ ကိုင်းတောစုကျေးရွာနေ အ သက် ၃၅ နှစ်အရွယ် မောင်မောင်သန်းကို သာယာဝတီခရိုင် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ Yoma (GBK) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ ရှင်းလင်းခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ဆက်သွယ်ထားတဲ့ ဖုန်းတစ်လုံးကို သိမ်းဆည်းခဲ့ပါတယ်။

သေဆုံးသူ မောင်မောင်သန်းဟာ ရပ်ရွာအတွင်း လူငယ်တွေကို အတင်းအဓမ္မစစ်သားအဖြစ် စု ဆောင်းရာမှာ အကြမ်းဖက်စစ်တပ်ကို ပူးပေါင်းကူညီပေး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုကို လိုက်လံစုံစမ်းကာ ဝိုင်းရဲစခန်းကို သတင်းပေးပို့တာ၊ PDFနဲ့ အဆက်အသွယ်ရှိ တဲ့ ထောက်ပို့ပြည် သူတွေအပေါ် ခြိမ်းခြောက်တာ၊ စစ်တပ်ထံ တိုင်ကြားတာတွေကို လုပ်ဆောင် နေ တဲ့အတွက် ရှင်းလင်းခဲ့လိုက်ရတာလို့ ဆိုပါတယ်။

 

မောင်မောင်သန်းရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံကို ပြည်သူတွေက သတင်းပေးပို့တိုင်ကြာလာတဲ့ အတွက် တပ်ဖွဲ့ဝင်ရဲဘော်တွေက စုံစမ်း ဖော်ထုတ်ကာ ရှင်းလင်းခဲ့လိုက်ရတာလို့ အသိပေးထားပါတယ်။

 

အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းကာ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ထောက်တိုင်တွေကို ဆက် လက် အရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...