AA News

AA News

ရခိုင်ပြည်နယ်အတွင်းရှိမြို့များအားလုံးကို တစ်ခုမကျန် သိမ်းပိုက်မည်ဟု AA ကြေညာ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

ရခိုင်ပြည်နယ်အတွင်းရှိ မြို့တွေအားလုံးကို တစ်ခုမကျန်သိမ်းပိုက်သွားမှာဖြစ်တယ်လို့ အာရက္ခ တပ်တော် – AA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ မြို့တွေကို တစ်မြို့မကျန် ဆက်လက် သိမ်းပိုက်ရယူနိုင်ရေး အတွက် ဖက်ဆစ်စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အရက္ခတပ်တော်က ထုတ်ပြန်ထားတာပါ။

 

အခုလတွေအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်တွေအတွင်းရှိ ဖက်ဆစ်စစ်ကောင်စီရဲ့ တပ်စခန်း တွေကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသလို မောင်တောမြို့မှာ သိမ်းပိုက်ရန် တစ်ခုတည်း ကျန် ရှိနေသေးတဲ့အကြမ်းဖက်စစ်ကောင်စီတပ် နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက် ရယူနိုင် ရေး အတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ပြောပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီးနှုတ်ထွက်ထားသူ စစ်မှုထမ်းတပ်သား အပါအ ဝင် ၂ ဦး အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တပ်ကြပ်အဆင့်ဖြင့် ထောင်ကျခံပြီး နှုတ်ထွက်ထားသူ စစ်မှုထမ်း တပ်သား အပါအဝင် ၂ ဦးအလင်းဝင်ခဲ့ကြောင်း Northwest Plains Revolutionary Forces – NPRF ထံမှ သိရသည်။ ဩဂုတ်လ လဆန်းပိုင်းမှ စ၍ မုံရွာမြို့နယ်...