Media News

Media News

သတင်းထောက်တွေအတွက် အရေးပေါ်အခြေအတွက် အကူအညီအထောက်အပံ့နနဲ့ ဥပဒေဆိုင်ရာ အကူအညီပေးနိုင်ရေး လုပ်ဆောင်နေတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၈

 

မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားမျှတမှု အ တွက် တိုက်ပွဲဝင်နေကြတဲ့ သတင်းသမားတွေကို ကူညီထောက်ပံ့ပေးနိုင်ရေးလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

 

၂၀၂၁ ခုနှစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး မြန်မာနိုင်ငံစစ်အစိုးရဟာ ကမ္ဘာပေါ်မှာ သတင်း ထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးရွားဆုံးထောင်မှူး ဖြစ်လာခဲ့တယ်လို့ အမေရိကန် သံရုံးက ပြောပါတယ်။

USAID ကငွေကြေးထောက်ပံ့ထားတဲ့ လေ့လာသုံးသပ်မှုတွေအရ ၂၀၂၄ သြဂုတ်လအထိ အမျိုးသား သတင်းထောက် ၁၄၄ ယောက်နဲ့ အမျိုးသမီး ၂၈ ယောက် စုစုပေါင်း ၁၇၂ ဦး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ ရတယ်လို့ ပြောပါတယ်။

 

စစ်အစိုးရရဲ့ ဖြိုခွင်းမှုဟာ သတင်းမီဒီယာအဖွဲ့အစည်းတွေ ၈၇ ရာခိုင်နှုန်းကို အကျိုးသက်ရောက်ခဲ့ ကာ မီဒီယာကဏ္ဍမှာ လုပ်နေကြတဲ့ အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံ ရမှု၊ နှိပ်စက်ကလူပြုခံရမှု၊ ထောင်သွင်းအကျဥ်းချခံရမှုတွေအပါအဝင် ကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရတာပါ။

 

မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ အမှုပေါင်းများစွာလည်းရှိခဲ့ပါတယ်။

 

USAID ဟာ အရေးပေါ်အခြေအနေအတွက်အကူအညီအထောက်အပံ့နဲ့ ဥပဒေဆိုင်ရာ အကူအညီအ ထောက်အပံ့တွေနဲ့ သတင်းထောက်တွေကို ကာကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆက်လက် ပြောဆိုထားပါတယ်။

 

သတင်းမီဒီယာတွေကို အသံတိတ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရဲစွမ်းသတ္တိရှင် သတင်းထောက်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ကြံ့ကြံ့ခံဆက်လက်ရပ်တည်ပြီး အန္တရာယ် များတဲ့ အခြေအနေတွေမှာ အမှန်တရားတွေကို ဆက်ပြီးအစီရင်ခံတင်ပြနေကြတဲ့အတွက် (၁၆) ရက်တာလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မီဒီယာလောကမှာရှိတဲ့ အမျိုးသမီးတွေရဲ့ သတ္တိနဲ့ ကြံကြံ့ ခံမှုကို လေးစားဂုဏ်ပြုတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိရှိလာ၊ မင်းပြား၊ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့ကို စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦးထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၁၄ ဦး အထိရှိလာပြီဖြစ် ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ ဩဂုတ်လ ၂၅ ရက်...