Sagaing News

Sagaing News

စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၁ စီး ပျက် စီး၊ စစ်သား၊ ပျူများက ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၈

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကား စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးခဲ့တယ်လို့ Brave Heart Army – BHA ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကိုင်းမြို့တပ်မ ၃၃ မှ ထွက်လာတဲ့ သံပြားကာ ကား ၅ စီး ကြေးနီသယ် ကား ၄၃ စီးပါ ယာဉ်တန်းကို မုံရွာ -မန္တလေးလမ်းပိုင်း မအူဂိတ်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပဒေသာမိုင်း ၅ လုံးပွိုင့်နဲ့ ရှေ့ဆုံးက ထွက်လာတဲ့ ဂျန်ပါကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Target Force – GTF ရဲ ဘော်တွေက ဦးဆောင်ကာ Brave Heart Army-BHA ရဲ ဘော်တွေနဲ့အတူ ပူးပေါင်း တိုက် ခိုက်ခဲ့တာပါ။

 

ဒါ့အပြင် တောပုပျူစောထီးကျေးရွာအနီးမှာလည်း အဲဒီအကြမ်းဖက်စစ်ယာဉ်တန်းကို ပဒေသာမိုင်း ၅ လုံးနဲ့ ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်ကားကို ထိမှန်ပျက်စီးကာ ထိုးရပ်သွားတယ်လို့ ဆိုပါတယ်။

 

ကားရပ်သွားတဲ့အချိန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားတွေ နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လာပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်သားတွေက အနီးအနား မှာရှိတဲ့ ပြည်သူ့နေအိမ်တစ်လုံးကို မိးရှို့ဖျက်ဆီးသွားတယ်လို့ Brave Heart Army – BHA ကပြောပါ တယ်။

 

အဲဒီစစ်ဆင်ရေးကို BRAVE HEART ARMY -BHA ရဲဘော်တွေက ဦးဆောင်ကာ CHINDWIN FIGHTER GROUP-CFG က ရဲဘော်တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရေဖြူမြို့နယ်၊ ထားဝယ် – ရန်ကုန်လမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်းကြားတွင် တိုက်ပွဲပြင်း ထန်နေပြီး ခရီးသည်တင်ကားများ ပိတ်မိနေ၊ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် - ရန်ကုန်ကားလမ်းမပေါ် မလွဲတောင်နှင့် ခလယ်ရောင်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး ခရီးသည်တင်ကားများ ပိတ်နေကာ ပြည်သူ ၄ ဦးကို လည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ထားကြောင်း ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း ၊ KTLA...