Jail News

Jail News

ဟင်္သာတအကျဉ်းထောင်တွင် အရက်မူးနေတဲ့ ထောင်ဝန်ထမ်းဒုဦးစီးမှူးအောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လူ မဆန်စွာ ရိုက်နှက်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတအကျဉ်းထောင်ရှိ အဆောင်(၄) မှာ အရက်မူးနေတဲ့ ဒုဦးစီး မှူး အောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ရက် – PPNM ထုတ်ပြန်ထားပါ တယ်။

 

နိုဝင်ဘာလ ၁၁ ရက် ည ၈ နာရီ အကျဉ်းထောင်အခန်းတွေပိတ်ပိတ်မှာ အကျဉ်းထောင်ဝန်ထမ်း ဒုဦး စီးမှူးအောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ရဲ့ နာမည်ကိုခေါ်ပြီး ဘာယာတန်း (အခန်းအပြင်သို့ လက်သာထုတ်လို့ရအောင် ပြုလုပ်ထားသည့် တိုင်အတန်းများ) အပြင်ဘက်ကို လက်ထုတ်ခိုင်းပြီးနောက် အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်‌ဇော်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့လို့ ပုဒ်မ ၅၀ ည ၊ ၅၁ (က) တို့နဲ့ ဟင်္သာတအကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဥ်းချခံထားရသူဖြစ် ပါတယ်။

 

အကျဉ်းထောင်ဝန်းထမ်း အောင်ကျော်မြင့်ဟာ အရက်မူးလာတဲ့ အချိန်တိုင်း နိုင်ငံရေးအကျဉ်းသား တွေကို မကြာခဏရိုက်နှက်နေသူဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် – PPNM က ပြောဆိုထားပါတယ်။

 

အခုလို ဥပဒေမဲ့စွာပြုလုပ်နေတဲ့ ထောင်ဝန်ထမ်း အောင်ကျော်မြင့်ကို ‌‌‌‌‌‌‌‌‌‌‌သက်ဆိုင်ရာ ထောင်ပိုင်ကနေ တားဆီးခြင်း အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် သန်းဇော်ထွေးဆိုသူကလည်း အဲဒီဒုဦးစီးမှူး အောင်ကျော်မြင့်နဲ့ အရက်သောက်ဖော်သောက်ဘက်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

 

နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်မှုနဲ့ပတ်သက်လို့ ထောင်ပိုင် သန်းဇော်ထွေးကိုယ်တိုင် အမိန့် ပေး စေခိုင်းမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

လက်ရှိကာလ အကျဉ်းထောင်၊အချုပ်ထောင် အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အချိန် မရွေး ခေါ်ထုတ်သတ်ဖြတ်ခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်နေကြရသလို အခြေခံအကျဆုံးဖြစ်တဲ့ လူ့ အခွင့်အရေး၊ အသက်ရှင်သန်တွေပါ ဆုံးရှုံးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့ကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ၊သပိတ်အင်အားစုတွေ ၊လူ့အခွင့်အရေးအဖွဲ့ အစည်းတွေအနေနဲ့ အကျဉ်းထောင်တွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေကို စောင့်ကြည့်ပြီး လက်တွေ့ကျ တဲ့ ထိရောက်တဲ့ ကူညီမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို ထိ ရောက်တဲ့ အရေးယူမှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးမှုတွေကို လုပ်ဆောင်ပေးကြဖို့ မြန်မာနိုင်ငံ လုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တိုက်တွန်းထားပါတယ်။

Than Lwin Myamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...