Chin State News

Chin State News

ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ ပွိုင့်- ၃ တပ်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်သားအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

ချင်းပြည်နယ်၊ ဟားခါး -ထန်တလန်အကြားရှိ စစ်ကောင်စီ ပွိုင့်- ၃ တပ်စခန်းကို ၃ ရက် ကြာ တိုက် ခိုက်ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါ တယ်။

 

နိုဝင်ဘာလ ၂၂ ရက်နေ့စလို့ အင်အား ၄၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပွိုင့် ၃ စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အပြီးသတ် သိမ်း ပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

“အင်အား ၄၀ လောက်ရှိတဲ့စခန်းဖြစ်ပါတယ်။ အလောင်း ၄ လောင်းရတယ်။ ဒဏ်ရာရသူလည်း များ တယ်။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံ ရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိပါတယ်”ဟု CNA သတင်းရင်းမြစ်က ပြောပါတယ်။

 

သိမ်းပိုက်ရရှိတဲ့ စခန်းအတွင်း နယ်မြေရှင်းလင်းစဉ် လက်နက် ၆ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ကူပေးနေတဲ့ ကြားက သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

တော်လှန်ရေးကာလ ၄ နှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်အစီး ၂၀ ပျက်စီးပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် ၄ နှစ်တာကာလအတွင်းအကြမ်းဖက်စစ်အုပ်စု၏ စစ်လေယာဉ် အစီး ၂၀ ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်သား ၈ သောင်း ၇ ထောင်ကျော်သေဆုံးထားကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၁၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်သည့်ကာလမှစ၍ ယနေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်လေယာဉ် အစီး ၂၀...