Poem

Poem

ကဗျာကဏ္ဍ “လူပြိန်း”

 

ပျိုးကြဲလက်

 

စစ်သားဘဝ

မယားက တပူပူ ။

 

အခွင့်အရေး

သူပေးရင် ခွဲခြားကာနှင့်

အရာရှိ ဗိုလ်ပါများရယ်

ကြားဖြတ်လို့ယူ ။

 

ပခုံးဝယ် ရွှေကြယ်ခရင်ဖြင့်

လက်ဖျားက ငွေသီးသူ

ဖြုန်းတီးမူ မကုန်ခမ်း ။

 

ကြယ်မပါ ငွေဗလာနှင့်

ရဲဘော်မှာ မျက်နှာညှိုးတယ်

အိုနာကျိုးကန်း ။   ။

 

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၂၄ ရက် ညနေ ၄ နာရီ ၅၂ မိနစ်

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “လက်တွဲဖော်”

ကဗျာကဏ္ဍ “လက်တွဲဖော်”

ခွန်းနီ (ပခုက္ကူ) ပျောက်နေတဲ့နံရိုးတစ်ချောင်းကို စစ်ထဲမှာ လာတွေ့တယ် ချစ်လိုက်ရတာ မာရီနာရယ်။ ဘဝရော အသက်ရော ထပ်လို့ အချစ်ကို စစ်ထံ အပ်ခဲ့ကြပြီး တစ်နေ့ လက်ထပ်ကြမယ်တဲ့။ အခုတော့ ကြည်နူးနေချိန်ထက် ကျည်ဖူးဝေချိန်က ပိုများလို့ ကျန်နေ​သေးတဲ့ နံရိုးတွေကို ပြန်စမ်းနေရ။ တူးခါးနေအောင်မုန်းတဲ့ စစ်ထဲ ရူးသွားအောင်...