NUG News

NUG News

ပြည်ပရောက်အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကြရန် တိုက်တွန်းဖိတ်ခေါ်လိုက်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးဖိအားကို လျစ်လျှူ၍မရဟု NUG ယာယီသမ္မတပြော

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

ပြည်ပရောက်အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး ဖိအားတွေကို လျစ်လျှူရှုလို့မရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့တာပါ။

 

“ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့  ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် တွေ အားလုံး  အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံလထုတ်စေချင်ပါ တယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလို့လည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်။”လို့ NUG ယာယီသမ္မတ ဒူဝါလရှီး လက ပြောပါတယ်။

အခုအခါ တော်လှန်ရေး ၄ နှစ်ပြည့်လာတော့မည်ဖြစ်ပြီး အခြေအနေ ပေးထားချက်တွေထဲက အလုပ် ဖြစ်အောင် ကျရာကဏ္ဍက ကိုယ်စီ ပါဝင် ထမ်းရွက်ကြတဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လေးစား ဦး ညွှတ်ပါကြောင်း၊ သို့သော်လည်း အင်အားသည် ပြည်တွင်း၌ အခြေစိုက်ရမည်ဖြစ်ပြီး NUG အစိုးရ သည် “အဝေးရောက်အစိုးရ” ဖြစ်၍ မရကြောင်း၊ လက်တွေ့ကျကျမြေပြင်တွင်အင်အားတည်ဆောက် ရမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

 

“မဟာဗျူဟာ စဉ်းစားချက်တွေ ရွေးချယ်တဲ့အခါ – China Dependency ကနေ အလွှမ်းမိုးမခံရ အောင် ဘယ်လို alternative စဉ်းစားချက်တွေ ရှိထားမလဲဆိုတာ အင်မတန် အရေးကြီးတယ်လို ထင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ – လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထု တော်လှန်ရေးဖြစ်တာကြောင့်၊ ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလိုတော့ မရတော့ဘူး လို ယူဆပါတယ်။ ကျွန်တော်တိုဟာ ဖောက်ထွက်စဉ်းစားရမယ်၊ လက်တွေ့ကျကျလည်း စဉ်းစားရ မယ်။ ပြီးတော့ လူထုကို အထိမနာအောင် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သေချာတွက်ချက် စဉ်း စားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

 

နိုင်ငံရေးအပြောင်းအလဲဟာ ခပ်စိပ်စိပ်ပြောင်းလဲလာနေတာကိုတွေ့ရှိရပြီး အချို့က ဒီအပြောင်း အလဲနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေရှိကြောင်း၊ တော်လှန်ရေးဆိုသည်မှာ အပြောင်းအလဲဖော်ဆောင် ခြင်းဖြစ်ပြီး အပြောင်းအလဲသည် တိုင်းပြည်နှင့်လူထုအတွက် ကောင်းမွန်သည့် အပြောင်းအလဲဖြစ်စေ ရန် အားလုံးက ဝိုင်းဝန်းရှေရှုရမယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့ဟာ အပြောင်းအလဲကို စိုးရိမ်လို မရပါဘူး။ အပြောင်းအလဲကို ကြီးမှူးနိုင်ဖို့ကသာ အဓိကကျတယ်လို့ နားလည်ထားဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်အလိုက် လုပ်ရမယ့် မဟာဗျူဟာ ဆွေးနွေးချက်တွေကို လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွက်လည်း ကြိုတွက်ပြီး ပြင်ထားဖို လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆလုပ်ဆောင် တာတွေလည်း ရှိသင့်တယ်လို ထင်ပါတယ်။” လို့ ၎င်းက ဆက်လက်ပြောကြားထားပါတယ်။

 

လက်ရှိ အခင်းအကျင်းသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် နိုင်ငံရေးအရ – စစ်ရေးအရ တိုက်ရိုက် ချိတ်ဆက်မှု အားနည်းသည့် အင်အားစုများတွင် ထင်မှတ်မထားသည့် စစ်ရေး – နိုင်ငံရေး ဖိအားများ ကြုံနေတာတွေ့နေရကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးသဘောထား ရလဒ် ထွက်လာသည့် ဖိအားကို လျစ်လျှူရှု၍ မရကြောင်း အသိပေးထားပါတယ်။

 

“ဒါကို မဟာဗျူဟာအပြောင်းအလဲအနေနဲ့ ရှုမြင်ပြီး – တော်လှန်ရေးအတွက် ဘေးထွက်ဆိုးကျိုး မကြီးမားအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားကြဖို့ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ – တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖျင်း ကြည့်လိုက်ရင် – စစ်ရေးအရ နိုင်ငံရေးအရ China Dependency ရှိနေတယ်ဆိုတာလည်း တွေ့ရတယ်။ ဒါက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ အဲဒါက အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း ကြီးကြီးမားမား ရှိနေတာ တွေ့ရတယ်။ ဒါက လက်တွေ့ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ငြင်းပယ်လို မရသလို လျစ်လျှူရှုပစ်လိုက်လို့ လည်း မရပါဘူး။” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်အတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ရမည်ဟု KNU ဗဟို အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်မဖြစ်မြောက်စေရန်အတွက် ကရင်မျိုးသားရဲတပ်ဖွဲ့က အတူ တကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU ဗဟိုက အသိပေးထားသည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ၃၄ ကြိမ်မြှောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုက အသိပေးထား...