NUG News

NUG News

ရုရှားထိပ်တန်းအရာရှိတစ်ဦး နေပြည်တော်ကိုလာရောက်ကာ မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဟု NUG ပြော (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

မကြာသေးမီရက်ပိုင်းက ရုရှားထိပ်တန်းအရာရှိတစ်ဦး နေပြည်တော်ကိုလာရောက်ကာ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သတိပေးပြောဆိုလိုက်ပါတယ်။

 

ဒီနေ့ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ၎င်းက ထည့်သွင်းပြောဆိုလိုက်တာပါ။

 

“မကြာသေးမီက ရုရှားဖက်ဒရေးရှင်း ဂါဗာနာတစ်ဦးက နေပြည်တော်ကိုလာရောက်လည်ပတ်ပြီး အကြမ်းဖက်မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးတော့ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့အတွက် ဆွေးနွေး နေကြတာတွေ့ရပါတယ်။ ရုရှားဖက်ဒရေးရှင်း ဂါဗာနာဆိုသူကလည်း သူတို့တိုင်းပြည်မှာ အတင်း အဓမ္မ စစ်သားစုဆောင်းတာအပြင် လူ့အခွင့်အရေးချိုးဖောက်နေတာ လုပ်နေတဲ့ အတွက်နိုင်ငံ တကာက ပိတ်ဆို့အရေးယူခံထားရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူ ခံထားရတဲ့ ရှရှား ဂါဗာနာဟာ ကျနော်တို့နိုင်ငံမှာ အတင်းအဓမ္မစစ်သားစုဆောင်းပြီးတော့ ပြည်သူ တွေအပေါ်မှာ အကြမ်းဖက်စစ်နေတဲ့ မင်းအောင်လှိုင်နဲ့အပေါင်းပါတွေကို လာရောက်တွေ့ဆုံအား ပေးတာဖြစ်ပါတယ်။” လို့ NUG ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

အာရှတွင် မြန်မာအကြမ်းဖက်စစ်တပ်အုပ်စုက ကျူးလွန်နေတဲ့ ပြည်တွင်းအကြမ်းဖက်မှုတွေ၊ စစ်ရာ ဇဝတ်မှုတွေဟာ အခုအခါမှာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေပြီလို့ ပြောပါတယ်၊

 

ဒါ့အပြင် ဥရောပတိုက်မှာလည်း ရုရှားနိုင်ငံရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာလည်း ဒေသတွင် နိုင်ငံ တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ NUG ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာသမိုင်းမှာ မကြုံဖူးတဲ့ ဆုံးရှုံးမှုတွေဖြစ်လာချိန် ရုရှားနဲ့ နိုင်ငံအချို့ ရဲ့ ပံ့ပိုးကူညီမှုကိုယူပြီး အရပ်သားပြည်သူလူတွေကို လေကြောင်းကနေတဆင့် အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။

 

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ၄၀၄ ကြိမ်ပဲ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ၁၁၆၀ အထိရှိခဲ့ပါတယ်၊

 

ဒီနှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ တိုက်ခိုက်မှုကတော့ ၂၆၄၈ ကြိမ်အထိရှိခဲ့တဲ့အတွက်  အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ရာခိုင်နှုန်းအားနဲ့ ပြောမယ်ဆိုရင် နှစ်မကုန် သေးမီ မနှစ်တုန်း ကထက် ရာခိုင်နှုန်း ၁၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၀၀၀ နီးပါးသေကြေဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

 

“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဟာ ဖိအားတွေ၊ စိန်ခေါ်မှုတွေကြားကနေ စစ်ရေးအရှိန်အ ဟုန်မြှင့်တင်ကာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးကြိုးစား တိုက်ပွဲဝင်နေကြပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လုံခြုံရေးတင်းကြပ်ထားတဲ့ အခိုင်အမာစစ်နယ်မြေတွေကို တော်လှန်ရေးအင်အားစု တွေက တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေပြီဖြစ်ပါတယ်။ မိတ္ထီလာလေတပ်စခန်းနဲ့ တခြားသောစစ်ရေး ပစ်မှတ်တွေကို လူထုထိခိုက်မှုမရှိအောင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပကဖနဲ့တော်လှန်ရေး အဖွဲ့တွေဟာ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီး Y 12 စစ်လေယာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာ ဥပမာတစ်ခု ဖြစ်ပါတယ်။” လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆက်လက်ပြောဆိုထားပါ တယ်။

Than Lwin Myanmar

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...