Bago News

Bago News

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းနဲ့ စစ်ကူကားကို တိုက်ခိုက်မှု စစ်သား၊ ရဲ ၂၀ ဦးသေ ဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းနဲ့ စစ်ကူရဲကားကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၂၀ ဦးသေဆုံးတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၂ ရက် မနက် ၅ နာရီ ၁၀ မိနစ်က လက်ပံတန်းမြို့နယ် ၊ မှော်အင်းကျေးရွာအုပ်စု ၊ သာယာကုန်းကျေးရွာရှိ ရဲကင်းစခန်းကို PDF ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီဝန်းကျင်ကြာခဲ့ပြီးတော့ စစ်သား၊ ရဲ၊ ပျူ ၁၅ ဦးခန့် သေဆုံးတယ် လို့ သိရပါတယ်။

အဲဒီစခန်းတိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် လက်ပံတန်းမြို့မရဲစခန်းကနေ ပရိုက်ဘောက် အမျိုးအစား ကားနဲ့ လာတဲ့ စစ်သား၊ ရဲ ၇ ဦးကိုလည်း PDFပူးပေါင်းဖြတ်တောက်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲ တိုက် ခိုက်ရာ နေရာမှာပင် ၄ ဦး သေဆုံးပြီး ကျန် ၃ ဦး ကားနဲ့ ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီထွက်ပြေးသွားတဲ့ စစ်သား၊ ရဲ ၃ ဦးထဲက ၁ ဦးသွားခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်မှာ ထပ်မံ သေဆုံးသွားတဲ့အတွက် စစ်ကူပရိုဘောက်ကားကို တိုက်ခိုက်မှုအတွင်း စုစုပေါင်း ၅ ဦးသေဆုံးတာ လို့ သိရပါတယ်။

 

ရဲကင်းစခန်းတိုက်ခိုက်ခံရပြီးနောက် မှော်ဘီတပ်ကနေ ဖောကား ၃ စီး၊ ၃၅ တပ်ရင်းကနေ ခြေလျင် စစ်ကူ စစ်ကြောင်းတွေနဲ့ အင်အားဖြည့်ကာ စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိုက်ပွဲဖြစ်ခဲ့ပါ သေးတယ်၊

 

ဒါပေမယ့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းဟာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ဖမ်းဆီးတာ၊ ဆက်ကြေး ကောက်တာတွေ အဆက်မပြတ် ကျူးလွန်နေတဲ့ ရဲစခန်းဖြစ်ပါတယ်။

 

အဲဒီစစ်ဆင်ရေးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တပ်ခွဲ ၂ ၊တပ်ခွဲ ၃ နဲ့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (MDF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...