NUG News

NUG News

စစ်ကောင်စီနဲ့ လော်ဘီတွေကသာ တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု NUG ပြောဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်နဲ့ လော်ဘီတွေကသာ တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ခြိမ်းခြောက် နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့တွဲဖက်၍ Joint Venture Security ကုမ္ပဏီ ထူထောင် ခြင်းက တရုတ်အကျိုးစီးပွားတွေကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သတိပေးပြောဆိုလိုက်ပါတယ်။

 

ဒီနေ့ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်မှာ ၎င်းက ထည့်သွင်းပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ရန် စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့အကြား Joint Venture Security ကုမ္ပဏီများ ထူ ထောင်ဖို့ သဘောတူညီမှု ရရှိထားတဲ့ သတင်းတွေ တွေ့ရှိရ ကြောင်း ၊ ထိုသို့ လုံခြုံရေး ကုမ္ပဏီများ ပူးတွဲထူထောင်မှုက တရုတ်အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသား တွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်မှာမဟုတ်ကြောင်း၊ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ် တွေနဲ့ စစ်တပ်လော်ဘီတွေရဲ့ လှုံ့ဆော်မှုတွေကသာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တရုတ်နိုင်ငံသား တွေကို တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

 

ဒါ့ကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့ အတူလုပ်ခြင်းအား ဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူး ဆိုတာကို ထောက်ပြ ပြောကြားခဲ့ တာပါ။

 

NUG အနေနဲ့ ထုတ်ပြန်ထားတဲ့ မူဝါဒတွေအရ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စီးပွားရေးဆိုင်ရာ အ ဆောက်အဦတွေကို တော်လှန်ရေးအင်အားတွေက တိုက်ခိုက်မည်မဟုတ်ဟု အတိအလင်း ကြေညာ ထားပြီးဖြစ်ပြီး ဖြစ်သလို လက်တွေ့မြေပြင်မှာလည်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့်သာ အကြမ်းဖက်မှုတွေ မတည်မငြိမ်မှု တွေ ဖြစ်ပွားနေတာပါ။

 

တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအနေနဲ့ မြန်မာပြည်သူတွေဘက်န ရပ်တည်ပြီး ကူညီ ဆောင်ရွက်ကြခြင်းဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးတိုးတက် မှုကို အထောက်အကူပြုမည့် နိုင်ငံဖြစ်လာနိုင်မှာဖြစ်သလို ရင်းနှီးမြှုပ်နှံထား​တဲ့ စီမံကိန်းနဲ့ လုံခြုံမှု အာမခံအတွက် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ အဖြေရှာရန် လိုအပ်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

 

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်လို့ ပြည်သူလူထုက မကျေမနပ် စိုးရိမ်မကင်း ဒေါသဖြစ်နေကြကြောင်းနဲ့ မင်းအောင်လှိုင် တရုတ်သွားရောက်ခြင်းမှာ မဖြစ်သင့်သည့် လုပ်ရပ်ဖြစ် တယ်လို့ မြန်မာပြည်သူတွေက သုံးသပ်နေကြကြောင်း ၎င်းက ဆက်လက်ရှင်းပြပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ.ကတော့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်ခွင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို ထိပ်တန်းထားပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီုးစွာ ဆက်ဆံဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေသလို လွတ်လပ်တက်ကြွကြားနေ နိုင်ငံခြားရေး မူဝါဒနဲ့ အညီ အိမ်နီးခြင်းနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံ‌ရေးတည်ဆောက်ဖို့ကြိုးစားနေသလို ဒေသတွင်းနဲ့ ကမ္ဘာအနှံ့က မိတ်ဆွေနိုင်ငံတွေနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တစိုက် မတ် မတ် လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

Than Lwin Myanmar

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုင်တွေ့ဆုံခွင့်ရရှိရေး သားဖြစ်သူ ကိုထိန်လင်း တောင်းဆို၊ အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာ မဖြစ်စေချင်ဟု ပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရရှိရေး သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူကို အကျဉ်းထောင်အတွင်း၌ သေဆုံးသွားမှာကို မဖြစ်စေချင်ကြောင်း ၎င်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က “ဒေါ်ဆောင်ဆန်းစုကြည်နေမကောင်းဘူး” ဆိုသည့် သ တင်း မှာ မှန်ကန်မှုမရှိဟု...