Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၇ ဦး သေ ဆုံးကာ PDF တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ People’s Defence Force- Yenangyaung ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၁၆ ရက် မနက် ၄ နာရီက ရေနံချောင်းမြို့နယ်၊ သာလူးကန်၊ ဖိုးကိုးလမ်းကနေ  စခန်း ကန်ကျေးရွာအုပ်စု၊ ကန်သာကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီအထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာလ ၁၈ ရက် မနက် ၄ နာရီမှာလည်း မန်ကျည်းကန်ကျေးရွာအုပ်စု ၊ စမ်းကန်ကြီးကျေးရွာ ဘက်ကို ချဉ်းကပ်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီးတော့ အကြမ်းဖက် စစ် ကောင်စီတပ်က ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၇ ဦးသေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။

“အင်းအားက ၁၀၀ လောက်ရှိတယ်။ လေယာဉ်ကတော့ အဆက်မပြတ်ဝဲတယ်၊ ပစ်ခတ်တိုက်ခိုက် တာတော့ မလုပ်သွားဘူး။ ကျနော်တို့ဘက်က ရဲဘော် ၃ ဦးကလည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ရင်း ကျဆုံးခဲ့ရတာပါ” ဟု People’s Defence Force- Yenangyaung မှ ရှင်းပြပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေကို People’s Defence Force- Yenangyaung ၊Tamar Myay Special Coloum ၊ Midland Dolphins Coloum နှင့် အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။

 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အပြစ်မဲ့ ပြည်သူ အမျိုးသား၂ ဦးကို ဖမ်းဆီးပြီး ရက်ရက် စက် စက် နှိပ်စက်သတ်ဖြတ်သွားသလို ကံသာကျေးရွာက ပြည်သူ့နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ လို့ သိရပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်သားအများအပြားသေဆုံးပြီး စစ်သုံ့ ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးရှိ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA...