Magway News

Magway News

အမ်း -ပဒါန်းလမ်းပိုင်းမှာ စစ်ယာဉ်တန်းတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ စစ်ကားတွေကို လုံခြုံရေးယူပေးနဲ့ အကြမ်းဖက် စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ် လို့ Chin Defence Force – Asho တပ်ဖွဲ့ထံက သိရပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ အနီး တောရဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အင်အား ၂၀ ကျော်ဟာ မင်းဘူးမြို့ကနေ အမ်းမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကူသွားမယ့်ယာဉ်တန်းတွေလုံခြုံရေးယူပေး ရန်အတွက် ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

အဲဒီလုံခြုံရေးယူပေးတဲ့စစ်သားတွေကို အမ်း-ပဒါန်း လမ်းပိုင်း ခွန်ဇူရွာလမ်းခွဲမှာ Chin Defence Force – Asho တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက် စစ်သားတွေ အသုံးပြုခဲ့တဲ့ MA-1 သေနတ် ၁ လက် ၊ ကျော ပိုးအိတ် ၁ လုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီနဲ့ စစ်ဝတ်စုံအချို့ ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

“လတ်တလော အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အရ စစ်ဆင်ရေးတွေ တိုက်ပွဲ တွေ ဖော်ဆောင်တဲ့ အခါမှာ ပြည်သူတွေ ဆီကနေ စစ်ရေး သတင်းရရှိမှုတွေ နည်းပါးလာတဲ့ အတွက် အားနည်းချက်တွေရှိတယ်။ နောက်တစ်ခု ပြည်သူတွေကို မေတ္တာရပ်ခံလိုတာကတော့ စစ်ဆင်ရေး ဖြစ်ပွားတဲ့ နေရာ အနီးတစ်ဝိုက်မှာပဲ ဖြစ်စေ၊ စစ်ဆင်ရေးနဲ့ ဝေးကွာတဲ့ နေရာတွေမှာဖြစ်စေ လမ်း ပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ နေရာမှာ နေထိုင်နေရတဲ့ သူပဲဖြစ်စေ အတတ်နိုင်ဆုံး မိမိနေရပ်ဒေသ တွေကို စွန့်ခွာပြီးတော့မှ စစ်ပြေးရှောင်နေတဲ့ တနယ်တခြားတွေကို ပြေးသွားတာမျိုး မိမိနေရာကို စွန့်ပစ်ခဲ့တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့ တာဝန် ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

သံလွင်မြန်မာသတင်းဌာန

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...