Sagaing News

Sagaing News

စစ်ကြောင်းထိုးပြီး မုံရွာမြို့ကို ပြန်လာတဲ့ စစ်သားတွေကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံး မှုရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်သားတွေကို ပဒေသာမိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိတယ်လို့ Brave Heart Army- BHA တပ်ဖွဲ့ ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီက မုံရွာမြို့နယ်၊ မုံရွာ – ဗောဓိလမ်းလမ်းပိုင်းတနေရာမှာ နိဗ္ဗာန် ဝကျေးရွာဘက်ကို စစ်ကြောင်းထိုးပြီး မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လာတဲ့ အ ကြမ်းဖက်စစ်သားတွေကို ပဒေသာမိုင်း ၄ လုံး ၂ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေက ၄၀ မမ ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ် ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

 

အကြမ်း ဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ Brave Heart Army-BHA တပ်ဖွဲ့က ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို Brave Heart Army-BHA အဖွဲ့သားတွေ ဦးဆောင်ပြီး Monywa DYNAMITE – STF ရဲဘော်တွေနဲ့အတူ လက်တွဲညီညီတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...