Sagaing News

မြင်းမူမြို့အဝင်တိုးဂိတ်အနီး၌ စခန်းသစ်ဆောက်ရန် ထရံကာနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံး ကြဲတိုက်ခိုက် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၄

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အဝင် တိုးဂိတ်အနီး ရွှေတောင်ဆီဆိုင်မှာ တပ်စွဲဖို့ ထရံကာနေတဲ့ စစ်သား တွေကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Dog Killers People’s Defence Force Myinmu တပ်ဖွဲ့ထံက သိရပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် မြင်းမူမြို့အဝင် တိုးဂိတ်အနီးရှိ ရွှေ တောင် ဆီဆိုင်မှာ တပ်စွဲဖို့အတွက် ကား ၃ စီးနဲ့ လာရောက်ရှိပြီးတော့ အကြမ်းဖက်စစ်သားတွေက ထရံတွေ ကာနေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီလို တိုက်ခိုက်တဲ့အချိန်  အကြမ်းဖက်စစ်သား ၆ ယောက်ရှိတဲ့နေရာကို တိတိကျကျ ဗုံးကြဲချနိုင်ခဲ့ ကာ ပေါက်ကွဲမှုရှိတဲ့အတွက် စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

 

အဲဒီ စစ်ဆင်ရေးကို Dog killers peoples Defence force Myinmu (Dk pdf MMU) ၊ မြင်းမူမြို့နယ် ပ.က.ဖ.၊ (U.S.A.R.Pdf) နှင့် Black Eagle Defence Force (M.M.U) စတဲ့ ညီနောင် မဟာမိတ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

TLM

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ်-ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် မှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ပြည်သူများကို ဖမ်းဆီးနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ် မြိတ် -ထားဝယ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်သည်။ စက်တင်ဘလ ၇ ရက် နံနက် ၈ နာရီခန့်က အမှတ် ၈...