Yangon News

Yangon News

တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၄

 

ရန်ကုန်မြို့၊ တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ၂ ခုက သတင်းထုတ်ပြန်ပါ တယ်။

 

မနေ့က နိုဝင်ဘာလ ၂၃ ရက် ညနေ ၆ နာရီခွဲအချိန် တာမွေမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင် လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ခံ တာမွေ EPC ဝင်းထဲမှာ တည်ဆောက်ထားတဲ့ စစ်တပ် လုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force (FLA) နဲ့ Anonymous Fighters Force (AFF) တို့က ၂ ကြိုမ် ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။

Photo – တာမွေမြို့နယ်ရဲတပ်ဖွဲ့စခန်းရှေ့ရှိ အကြမ်းဖက်စစ်ကားများ (ပုံဟောင်း)

တာမွေ EPC ရုံးဟာ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဗိုလ်ကျ အနိုင်ကျင့်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

အလားတူပဲ ည ၇ နာရီ မိနစ် ၅၀ အချိန်မှာလည်း ထပ်မံဗုံးပေါက်ကွဲမှုရှိခဲ့တယ်လို့ တာမွေမြို့နယ်နေ ပြည်သူများက ပြောပါတယ်။

 

“တာမွေမီတာရုံး ၆ ခွဲလောက်ကအသံတော်တော် ကျယ်တယ်။ စကစတွေလမ်းပိတ်ပြီး လာစစ်နေတဲ့ ချိန် ည ၇ နာရီ ၅၀ မှာကွဲတယ်။၂ ကြိမ်ဗုံးကွဲတာ။ အသံတော်တော်ကျယ်တယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ ကျောက်တံတားခါမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက် နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် တပ်ရင်း ၂ - P23702 က ထုတ်ပြန် သည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း...