TNLA News

TNLA News

နောင်ချိုမြို့နယ်မှာ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁၂ လုံးပျက်စီး

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက် ခိုက်တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

 

မနေ့က နိုဝင်ဘာလ ၂၂ ရက် ည သန်းခေါင်အချိန် ၁၁ နာရီ ၅၅ မိနစ်မှာ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့စျေးရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

 

အဲဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ ဆောင်ကာ ဆေးကုပေးထားတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ပြောပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၇ နာရီခွဲတုန်းကလည်းဆင်းရွှေလီသကြားစက်ရုံ ကို  စစ် ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချမှုခဲ့တာကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ပါ သေးတယ်။

 

မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေး သတိရှိကြဖို့၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက် တွေ ကို လိုက်နာဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ပြောပါ တယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...