Mandalay News

Mandalay News

ဆီမီးခုံမြို့လက်ဖက်ရည်ဆိုင်မှာ အရက်သောက်မူးနေတဲ့ ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ အရက် သောက်မူးနေတဲ့ ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့  MP-9 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ဆီမီးခုံမြို့၊ ရွှေစည်းခုံဘုရား အရှေ့ဘက်ရှိ ကောင်းမြက်အောင် လက်ဖက်ရည်ဆိုင်အတွင်းမှာ အရက်သောက်စားပြီး မူးရူးနေတဲ့ ရဲ ၃ ဦးကိုတော် လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲဒီလိုတိုက်ခိုက်မှုအတွင်း နယ်ထိန်း ရဲ ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးသေဆုံးကာ ကျန် ၁ ဦးက ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

 

တိုက်ပွဲအတွင်းမှာ ဆီမီးခုံရဲတွေဆီကနေ G3 သေနတ် ၃ လက်နက်နဲ့ ခဲယမ်းအသုံးအဆောင် ပစ္စည်း တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီစစ်ဆင်ရေးကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9အဖွဲ့၊ တလုပ်-PDF နဲ့ ရွှေဂျိုးဖြူ-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) အဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သံလွင်မြန်မာသတင်းဌာန

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင်‌ ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ...