Bago News

Bago News

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံး

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၃

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ် သား ၇ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ဖွဲ့ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်မှာ လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်၊ သာယာ ကုန်း ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုဟာ ၃ နာရီကျော်ကြာမြင့်ခဲ့ပြီးတော့ အကြမ်းဖက် စစ်တပ်ဘက်မှ ရဲ၊ စစ်သားနှင့် ပျူ ၇ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ တွေ ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့လို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈ဝ၂ – တပ်ခွဲ (၂) ၊ တပ်ခွဲ (၃) နဲ့ တပ်ရင်း ၃၈ဝ၃ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင်‌ ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ...