Karen State News

Karen State News

ဖာပွန်ခရိုင်အတွင်းရှိ မာထောတပ်စခန်းကို အပြီးသတ်သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၃

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မာထောတပ် စခန်းကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

ကေအဲန်ယူ− ကရင်အမျိုး သားအ စည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ ဒွယ်လိုး မြို့နယ် အတွင်း အာဏာသိမ်း အ ကြမ်းဖက်စစ် ကောင်စီရဲ့ စကခ(၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထောတပ်စခန်းကို ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မ တော် (K.N.L.A)တပ်မဟာ (၅) နဲ့ တော်လှန်ရေး ပူးပေါင်း တပ် ဖွဲ့တွေက မနေ့က နိုဝင်ဘာလ ၂၂ ရက် မနက် ၇ နာရီ ၄၈ မိနစ်အချိန်မှာ အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ခဲ့တာပါ။

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မာထောစခန်းမှ သိမ်းဆည်းရမိသော လက် နက်ခဲယမ်းများ။

အဲဒီစခန်းသိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုရှိခဲ့သလို လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်သား ဘယ်လောက်သေဆုံးတယ်၊ လက်နက်ခဲယမ်းအရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာ‌တော့ အတိအကျပြန်လည်ထုတ်ပြန်ပေးသွားမယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။

သံလွင်မြန်မာသတင်းဌာန

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဘောက်၊ ကျည်ဆံနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ကျေးရွာ ပျူစောထီးဂိတ်ကို ဝင်‌ ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ထွက်ပြေးသွားပြီး ကျည်ဆံ၊ ကျည်ဘောက်နှင့်ဖုန်း ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ...