KIA News

KIA News

ဖားကန့်မြို့နယ်၊ နမ့်ယားစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၃၀ ကျော်လက်နက် ချအညံ့ခံ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၂

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ – မိုးကောင်းမြို့ ကားလမ်းပါ်ရှိ နန့်ယားကျေးရွာတွင် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းကို ၂ ရက်အကြာတိုက်ခိုက်ပြီး စစ်သား ၃၀ ကျော် အလံဖြူထောင်လက်နက်ချကာ ထွက်သွားသဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး KIA ဦးဆောင်သော မဟာမိတ်တပ်များက မြစ်ကြီး နား-ဖားကန့်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နန့်ယားစစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ၂ ရက်အကြာ အပြင်းအထန် တိုက်ပွဲဖြစ်ပြီး ဧပြီလ ၁၀ ရက် ညပိုင်းက အပြီးသတ် သိမ်း ပိုက်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နန့်ယားဂိတ်သည် ဖားကန့်သို့လာသည့် ခရီးသည်တင်ကားများ၊ ကုန်ကားများအားလုံးကို ပိတ်ဆို့ စစ်ဆေးသည့် အဓိက စစ်တပ် ဂိတ်စခန်းကြီးတစ်ခုဖြစ်ပြီး ယင်းစခန်းတွင် စစ်အင်အား ၂၀၀ ကျော် တပ်စွဲထားကြောင်း၊ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စစ်ဆေးကြ သည့် စုပေါင်းဂိတ်စခန်းလည်းဖြစ်ကြောင်း သိရသည်။

 

https://youtu.be/tMRovL70hHA

“စခန်းကတော့ အပြီးသတ်ရပါပြီ။ ညပိုင်းရတော့ ရှင်းလင်းရေးမလုပ်ရသေးဘူး။ စခတွေတော့ ထွက် သွားပြီ။ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးလာကျဲနေတဲ့ကြားက သိမ်းလိုက်တာ။ လက် နက်ခဲ ယမ်း သိမ်းဆည်းရရှိမှုနဲ့ သေဆုံးစာရင်းတော့ ဒီနေ့ မနက်ပိုင်း နယ်မြေရှင်းလင်းပြီးမှ သိရမယ်။ စခန်း ကို တော့ ၁၀၀ ရာခိုင်နှုန်း သိမ်းပိုက်ပြီးစီးပါပြီ။ နန့်ယားကို ဒီမနက်မှ စစ်ခွေးတွေလက်နက်ချ​ပြီး အ ပြီးထွက်လာကြတယ်။ ဒီမနက် ၇ နာရီမှာ စခန်းကို ရှင်းလင်းရေးလုပ်နေတယ်။ ဒီမနက်မှ တကယ် အပြီး သိမ်းတာ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။

 

ဖားကန့်မြို့နယ်၊ နန့်ယားရွာတွင် စစ်တပ်က တပ်စွဲထားသဖြင့် နန့်ယားစစ်တပ်ဂိတ်စခန်းဟု ခေါ်တွင် ခြင်း ဖြစ်ပြီး ဖားကန့်မြို့မှ မိုးကောင်း-မြစ်ကြီးနားသို့ သွားလျှင်သော်လည်းကောင်း၊ မြစ်ကြီးနားမှ ဖား ကန့်သို့သွားလျှင်သော်လည်း ခရီးသည်များ၊ ကုန်ကားများ ခရီးတစ်ထောက်နားနေကြသည့်ဂိတ်စခန်း ကြီးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...