Media News

Media News

စာဖတ်သူ မိဘပြည်သူများအား အသိပေးခြင်း

 

ကျနော်၏ D Day News သတင်းဌာနသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီး နေ့စဉ်ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး စသည့် သတင်း များကို ကြိုးစားတင်ဆက်လျက်ရှိပါသည်။

 

ယခုအခါ D Day News နာမည်အစား “Than Lwin Myanmar = သံလွင်မြန်မာ” နာမည်ဖြင့် ပြောင်း လဲ၍ စာဖတ်သူမိဘပြည်သူများကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာ အပ်ပါ သည်။

Photo – နောက်ခံဒီဇိုင်း

နာမည်ပြောင်းလဲသွားသော်လည်း သတင်းတင်ဆက်မှု ပြောင်းလဲသွားမည်မဟုတ်ပဲ၊ မိဘပြည်သူများ အတွက် ရေရှည်ရပ်တည်နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော သတင်းတင်ဆက်မှု များကို လုပ်ဆောင်နိုင် ရန် ရည်ရွယ်၍ ပြောင်းလဲလိုက်ခြင်းပါကြောင်း အသိပေးအပ်ပါသည်။

 

မိဘပြည်သူများအနေဖြင့် ဆက်လက်အားပေးထောက်ခံ ဝန်းရံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Photo – Logo

D Day News သတင်းဌာန ဝိုင်းတော်သားများ

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...