KNU News

KNU News

မူးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ၊ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီး၊ ပြည်သူ ၂ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီး

 

D Day News

နိုဝင်ဘာလ ၂၂

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ နယ်အတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီခွဲချိန်မှာ မူးမြို့နယ် နတ်သံကွင်း အခြေစိုက် အာဏာသိမ်း အ ကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာ အတွင်း ၅ လုံး၊ ရွာ ကြီးအင်းနဲ့ တောင်ဆူးကြားမှာ ၃ လုံး၊ သဲကုန်းမှာ ၃ လုံး၊ အညောင်းဆူးနဲ့ ငနွားဆင်ကျေးရွာကြားမှာ ၅ လုံး ၊ အနောက်ဝက်တူးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

Photo − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများ။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနောက် ဝက်တူး ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် မမူနော်၊ အသက် ၅၁ နှစ်အရွယ် မသီတာစန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

တစ်ဆက်ထဲမှာပဲ ကွင်းချောင်းဝမှာ အခြေစိုက်ထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် က ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ လို့ စစ်ဘေးရှောင်နေကြတဲ့ သေဂေလူရွာက အသက် ၂၇ နှစ်အရွယ်  နော်မုဂေဝါးနဲ့  ယဉ်လှည်းရွာက အသက် ၂၃ နှစ်အရွယ် စောဆယ်ပလူဝါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒါ့အပြင် ဟော်ခို့ဝေါ်ကျေးရွာက နေအိမ် ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဦးသီ လ နဲ့ နို့ကလော်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် စောနိုင်တင်ထူး တို့ကိုလည်း နိုဝင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီ မိနစ် ၄၀ အချိန်မှာ အကြောင်းမဲ့ဖမ်းဆီးပြီး ကျောက်ကြီးရဲစခန်းကို ပို့ဆောင် ချုပ်နှောင်ထားတယ်လို့ KNU ဗဟိုက ပြောဆိုထားပါတယ်။

 

ဒါ့အပြင် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲလောက်ကလည်း အာဏာသိမ်းအကြမ်း ဖက် စစ် ကောင်စီတပ် ခမရ−၃၅၁ နဲ့ ခလရ−၆၀ ပူးပေါင်းတပ်တွေက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်းဆူးကျေးရွာ အတွင်းမှာ ၁ လုံးနှင့် စော်ဘောကုန်း ကျေးရွာအတွင်းမှာ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...