Mandalay News

Mandalay News

မြေပြန့်ဒေသလွတ်မြောက်ရေး တိုက်ပွဲများအတွက် PDF တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူ

 

D Day News

နိုဝင်ဘာလ ၂၂

 

မြေပြန့်ဒေသအထိ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မြေပြန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲတွေအတွက် PDF တပ်ဖွဲ့အသစ်တွေခေါ်ယူ နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင်” ဆို တဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနများအလိုက် စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်နေတာဖြစ်သလို တိုက်ပွဲပေါင်း ကြီး / ငယ် များစွာကို အနိုင်တိုက်ရုံသာမက ပြည်သူ့လွတ်မြောက်နယ်မြေများကိုလည်း ဖော်ဆောင်ပေးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ MDY PDF တပ်ဖွဲ့အနေ ဖြင့် တောင်စဉ်တောင်တန်းတွေကို ကျော်ဖြတ်ပြီး အခုချိန်မှာဆိုရင် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီ တက် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

 

ရှေ့ဆက်မယ့် မြေပြန့်ဒေသ ခရီးစဉ်တွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေး ရဲဘော်တွေကို လိုအပ်လျက် ရှိတဲ့ အတွက် ခေါ်ယူနေခြင်းဖြစ်တယ်လို့ MDY PDF ကပြောပါတယ်။

 

တော်လှန်ရေးအစမှာ ကျွန်တော်တို ပြည်သူတွေ သီဆိုဟစ်ကြွေးခဲ့ကြတဲ့ “အရေးကြီးပြီ ညီနောင် အပေါင်းတို့ ……’’ ဆိုတဲ့ သီချင်းစာသားအတိုင်းပါဘဲ ရှေ့ဆက်ဖော်ဆောင်မယ့် မြေပြန့်ဒေသ လွတ် မြောက်ရေးအတွက် ရဲဝံ့သော ခိုင်မာတဲ့၊ ထက်သန်တဲ့ PDF စစ်သည် စစ်မေများစွာ လိုအပ်လျက်ရှိ တဲ့အတွက် ချိတ်ဆက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကတိုက်တွန်းနှိုးဆော် ထား ပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...