Sagaing News

Sagaing News

ချောင်းဦးမြို့အဝင်နှင့် မြင်းမူမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကားများနှင့် ခြေလျင်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်နဲ့မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်မှာ အကြမ်းဖက်စစ် ကားတွေနဲ့ ခြေလျင်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ BLDF အညာမိုင်းတပ်ခွဲ ထံကနေ သိရပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမြို့ကနေ ချောင်းဦးမြို့ဘက်ကို လာ ရောက်တဲ့ အကြမ်းဖက် စစ်ကား ၄ စီးကို ချောင်းဦးမြို့အဝင်နေရာ အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ တယ်လို့ ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ  အကြမ်း ဖက်စစ်သား ၂ ဦး ပေါင်ထိမှန်ဒဏ်ရာနဲ့ ကားတစ်စီးထိမှန် ပျက်စီးခဲ့တဲ့အတွက် ချောင်း ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းကို ဝင်ရောက်သွားတယ်လို့ BLDF အညာမိုင်းတပ်ခွဲက ပြောပါတယ်။

 

“မနားတမ်းပြန်လည် ပစ်ခတ်မှုတော့ရှိပါတယ်။ ပြီးတော့ ဆဲသေးတယ်။ အလ္လကပ္ပမိုင်းဆွဲမှုက ၃ ဦး သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ချောင်းဦးမြို့အဝင်မိုင်းဆွဲတာက စခ ၂ ဦး ပေါင် ထိမှန်ဒဏ်ရာရတယ်၊ ကားတစ်စီးလည်း ထိတယ်၊ ထွေအုပ်ရုံးထဲဝင်ပြီး ဒဏ်ရာရသူတွေကို ဆေးကု သနေတယ်လို့ သတင်းရပါတယ်” ဟု BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက် မနက် ၁၁ နာရီအချိန် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ ဘက် ဒို့မြန် မာဆီဆိုင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား ၁၂ ဦးဟာ မုံရွာကနေ ထွက်လာတဲ့ ကားတွေကို လမ်းပိုင်း ကင်းယူပေးဖို့ အလ္လကပ္ပကျေးရွာ အနောက်ဘက်ကို ထွက်လာအတွက် မိုင်းကွင်းပေါ် အ ရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိတယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေကို ချောင်းဦးမြို့ခြေစိုက် BLDF တပ်ခွဲအညာမိုင် ၊ ဇာမဏီ တပ်ဖွဲ့နဲ့ ဒေါင်းဘုရင် တပ်ဖွဲ့တွေ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်တွေ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...