AA News

AA News

ရခိုင်ပြည်နယ်အတွင်း စစ်ပွဲအရှိန်မြင့်တက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နိုင် သဖြင့် သင်္ကြန်ပျော်ပွဲ၊ ရွှင်ပွဲများ မပြုလုပ်ကြရန် ရခိုင့်တပ်တော် – AA မေတ္တာရပ်ခံ

 

D Day News

ဧပြီလ ၁၂

 

ရခိုင်ပြည်နယ်အတွင်း၌ စစ်ပွဲအရှိန်များ နေ့စဉ်နှင့်အမျှ မြင့်တက်နေပြီး စစ်တပ်က လေကြာင်းဖြင့် ဗုံးကြဲ တိုက်ခိုက်နိုင်သဖြင့် သင်္ကြန်ပျော်ပွဲ၊ ရွှင်ပွဲများ မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဧပြီလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကာ မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

ရက္ခိုင်ဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် နေ့စဉ် ရက်ဆက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည့်အပြင် တစ်ရက်ထက်တစ်ရက် တိုက်ပွဲများ ပြင်းထန်လျက် ရှိနေဆဲပင် ဖြစ်ကြောင်း၊ စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများအတွင်းသာမကနောက်ထပ် သိမ်းပိုက်ရန် ကြိုး ပမ်းနေသော နေရာများကိုပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအား အလစ်ချောင်း၊ အငိုက် ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို ပြုလုပ် ရန် နေ့စဉ်ရက်ဆက် ကြိုးပမ်းလျက် ရှိနေကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် ယခုအချိန်ကာလသည် စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သည့်အလျောက် မကြာမီ ကျ ရောက်လာမည့် သင်္ကြန်ကာလအတွင်း မြို့ပြ နှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးများ ပြုလုပ်ပြီး၊ ပျော်ပွဲ ရွှင်ပွဲကြီးများကို မပြုလုပ်ကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က အာရက္ခမိဘပြည်သူများကို မေတ္တာ ရပ်ခံ ပန်ကြားထားသည်။

 

ထို့အပြင် လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာ နှင့် တစ်ရွာကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်း၊လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ် များ၊ Show ပွဲများပြုလုပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း “လုံးဝ” မပြုလုပ်ကြရန် ဆက်လက် မေတ္တာရပ်ခံထားသည်။

 

စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အ လစ်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သော အကျင့်ရှိသဖြင့် သင်္ကြန်ကာလအတွင်း မလို လား အပ်သည့် အသက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ် ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...