Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ကင်းပတ် ထွက်လာသည့် ပျူများကို တိုက်ခိုက်မှု ပျူခေါင်းဆောင် အပါအဝင် ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

D Day News

နိုဝင်ဘာလ ၁၉

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ် ထွက်လာသည့် ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) ထံမှ သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူ ရွာမှ ပျူ ၂ ဦးသည် ကင်းပတ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ တလိုင်းရပ် (ရွာသစ်) ပျူရွာ အတွင်း ထိ ကင်းပုန်းဝပ်နေရာယူခဲ့ကြသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အ​နောက်မြောက်စစ်ဒေသ) မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူခေါင်းဆောင် ကျော်မင်းထူး၏ အလောင်း အပါအဝင် အလောင်း ၂ လောင်း၊ type-81 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ Dayang အမျိုးအစား ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည်၂၀ တောင့်၊ ကာဘိုင်ကျည် ၂၁ တောင့်တို့ သိမ်း ဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

“တိုက်ခိုက်မှုကတော့ ဒီနေ့ဖြစ်ခဲ့တာပါ။ မနက် ၉ နာရီဝန်းကျင်လောက်က ဝင်ရောက် တိုက်ခိုက်ခဲ့ တာ တလိုင်းရပ်ပျူရွာထဲကို ဆိုင်ကယ် ၂ စီးနဲ့ ပျူ ၄ ဦးကင်းလှည့် လာတဲ့ အချိန် တိုက်ခိုက်ခဲ့တာ ၂ ဦး ကတော့ ပွဲချင်းပြီးသေတယ်” ဟု အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အမှတ် ၈၁၅ တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ) က တလိုင်းရပ်ပျူအထိုင်စခန်းကို ဝင်​ရောက် တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲ ယမ်း အချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...