Magway News

Magway News

ပခုက္ကူလေဆိပ်နှင့် ရေစကြိုမြို့နယ်၊ ဂွေးချိုပျူစခန်းတို့ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူများထိခိုက်မှုရှိပြီး ကားတစ်စီးပျက်စီး

 

D Day News

နိုဝင်ဘာလ ၁၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူလေဆိပ်၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများကို ရော့ကတ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ – YSO ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပခုက္ကူလေဆိပ်၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများကို ၅၀၀ မမ လက်နက်ကြီး ၃ လုံးနှင့် Rocket ဖြင့် ၁၀ လုံးကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိုင်ချရာ နေရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ့ – YSO ၊ ပခုက္ကူမြို့နယ်ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ မြိုင်လနကြီးမဟာမိတ်အဖွဲ့များနှင့် Shwe Nyar Myae PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ နိုဝင်ဘာလ ၁၀ ရက် နေ့လည်ပိုင်းက ရေစကြိုမြို့နယ်၊ ဂွေးချိုပျူရွာရှိ အထိုင်စခန်းကို Drone များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာ အနီးကျ ရောက်ပေါက်ကွဲကာ ဘန်ကာများပျက်စီးပြီး စစ်သား၊ ပျူများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူမျူား အသုံးပြု သည့် ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ကျောက်လှေကားကျေးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းမှ လက်နက် ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Young Force UG၊ ဒေါင်းသွေးနီပြောက်ကျား တပ်ဖွဲ့နှင့် Shwe Nyar Myae PDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...