Myaung News

Myaung News

မြောင်၊ ကျောက်ရစ်စခန်းတွင် အကြမ်းဖက်စစ်သားတစ်ဦး အရက်ကြောင်ပြီး ကိုယ်ကိုကိုယ်ပစ်သတ် သေဆုံး

 

D Day News

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းတွင် တာဝန်ကျနေသူ အကြမ်းဖက်စစ်သားတစ်ဦး ကိုယ်ကိုကိုယ်သေနတ်ဖြင့် ပစ်သတ်ကာသေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MSPDF ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း အပြင်ဘက်အဆောင်တစ်ခု တွင်နေထိုင်သူ စစ်ကောင်စီတပ်သား စောမင်းသူသည် အရက်အလွန်အကျွံသောက်သုံးပြီး စိတ် ဖောက်ပြန်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အဆုံးစီရင်သွားကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို နံနက် ၁၁ နာရီအချိန်တွင် ချက်ချင်းသင်္ဂြုလ်ပစ်လိုက်ကြောင်း သိရသည်။

 

“အရက်ကြောင်တယ်ကြားတယ်၊ သူ့ကိုယ်သူသေနတ်နဲ့ပစ်သတ်သေတာ၊ နာမည်က စောမင်းသူတဲ့၊ ၁၁ နာရီလောက်မှာ သင်္ဂြိုလ်ပစ်လိုက်တယ်။ လွင်ဂူးတို့က သွားသွားချနေတော့ မဟုတ်လည်းသေ မယ့်အတူတူ သူ့ဘာသာကြောင်ပြီး သတ်သေသွားတာထင်တယ်။ တစ်ကောင်သေတော့လည်း တစ် ကောင်ရန်က အေးသွားတာပေါ့” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...