Tanintharyi News

Tanintharyi News

လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု အကြမ်းဖက်စစ်သား  ၃ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၉

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့)ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Guerrilla Dawei တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ထားဝယ် ပလဖ ၏ မြို့ပြစစ်ဆင်ရေး အဖြစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း Guerrilla Dawei တပ်ဖွဲ့က ပစ်ခတ်သော ၄၀ မမ ဗုံးသီး ထိမှန်ပြီး အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ ထို့အပြင် အ ကြမ်းဖက် စစ်ကောင်စီတပ်သားများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှု စခ ၃ ဦးသေတယ်။ ၅ ဦးလောက် ဒဏ်ရာရတယ်။ စစ်ရေးအခြေအနေ ပိုမို အားကောင်းလာတဲ့အတွက် ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရှိရာ နေ ရာတွေကို ​လုံးဝမသွားလာကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Guerilla Dawei (ထားဝယ်မြို့ပြပြောက် ကျားတပ်ဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

ယင်းတိုက်ခိုက်မှုသည် Guerilla Dawei (ထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့) တစ်ဖွဲ့တည်းမှ ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မည်သည့် ပြည်သူတစ်ဦးတစ်ယောက်နှင့်မှ သက်ဆိုင်ခြင်းမရှိ ကြောင်း ထုတ်ပြန်အသိပေးထားသည်။

 

Guerrilla Dawei တပ်ဖွဲ့အနေဖြင့် စစ်ရေးပိုမိုအရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ် စခန်းများကို သွားလာခြင်းမပြန်လုပ်ရန်နှင့် မိမိရောက်ရှိနေသော နေရာ အနီးပတ်ဝန်းကျင်၌ ပစ်ခတ်သံများကြားရပါက ထွက်ပြေးခြင်း၊ စူးစမ်းခြင်း မပြုလုပ်ဘဲ နီးစပ်ရာ အဆောက်ဦးကို အကာကွယ်ယူ၍ မြေကြီးတွင် မှောက်လျှက်အနေထားဖြင့် နေပေးကြပါ ရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...