Sagaing News

Sagaing News

မြင်းမူမြို့နယ်တွင် စစ်ကားတစ်စီးနှင့်မိုင်းရှင်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကား ၁ စီးနှင့် မိုင်းရှင်းစစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၆ နာရီ ၅၈ မိနစ်အချိန်က မြင်းမူမြို့နယ်၊ ဒို့မြန်မာဆီဆိုင်၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများသည် မိုင်းရှင်းရန် ထွက်လာစဉ် အလ္လကပ္ပကျေးရွာအရှေ့ရှိ ကုက္ကိုလ်တန်းအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၈ နာရီခန့်တွင် မြင်းမူမြို့မှ မြောင်လမ်းခွဲဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကား တစ်စီးကို အလ္လကပ္ပကျေးရွာအနောက် ဘက်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ခြေလျင်ရော၊ ကားတစ်စီးရော ၂ ပွိုင့်ဆွဲခဲ့တာပါ၊ အလ္လကပ္ပရွာရဲ့ အရှေ့ဘက်တစ်ပွိုင့်နဲ့အနောက် ဘက်တစ်ပွိုင့်ပါ။ ဗိုလ်သေတာက ကားမိုင်းဆွဲတဲ့အချိန်သေတာ၊ ကျန်တဲ့ထိခိုက်ဒဏ်ရာ၊ သေဆုံးစာ ရင်းကအတိအကျမသိရဘူး။ ဗိုလ်သေတာပဲ သိရပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ကိုတော့ မြင်းမူမြို့မှာ နာရေးအခမ်းအနားလုပ်တယ်လို့ သိရပါတယ်” ဟု BLDF အညာမိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ခွဲ၊ ဇာမဏီ တပ်ဖွဲ့ နှင့် ဒေါင်းဘုရင်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။   ဇွန်လ ၁၆ ရက်...