Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

နိုဝင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲထံမှ သိရ သည်။

 

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ သံလွင်မြန်မာ ဆီဆိုင်အနီးတွင် လမ်းသွားလမ်းလာပြည်သူများထံမှ ဆက်ကြေးကောက်နေသော  အကြမ်းဖက် စစ်တပ် ကင်းစခန်းမှ စစ်သားများကို ၂ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ပထမ အကြိမ် တိုက်ခိုက်မှုတွင် မိုင်းကွင်း အနီး ရောက်ရှိလာသော စစ်ကောင်စီ တပ်သား ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ ခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များက စနိုက်ပါ ၊ ၄၀ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ကာ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄) မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...