Tannintharyi News

Tannintharyi News

တနင်္သာရီ၊ ကမ္မလိုင်းရွာအခြေစိုက် အမှတ် ခမရ ၅၅၈ တပ်ရင်းကို ပြောက်ကျားတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၁

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၈ တပ်ရင်းကို ပြောက်ကျားစစ်ဆင်ရေး ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ပံ နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၈ ရက် ညနေ ၅ နာရီ ၅၈ မိနစ်တွင်တစ်ကြိမ်၊ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် ၅၅၈ တပ်ရင်း စာသင်ကျောင်း ဗဟိုကင်းနှင့် ခန်းမ၌ရှိသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကို ပြောက်ကျားစနစ်ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာသည်အထိဖြစ်ခဲ့ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၆ ဦး အထက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ – တနင်္သာရီမြို့နယ် ပကဖမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ် ပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုင်းလုံမြို့နယ်၊ တော့ဆန်ရွာမ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၁၀...