Myawaddy News

Myawaddy News

လက်နက်ချ အညံ့ခံခြင်းမရှိသည့် မြဝတီမြို့စောင့် ခလရ ၂၇၅ တပ်ရင်းကို အလုံးစုံသိမ်းပိုက်ရရှိ

 

D Day News

ဧပြီလ ၁၁

 

ကရင်ပြည်နယ်၊ ထိုင်း -မြန်မာ နယ်စပ် မြဝတီမြို့စောင့်တပ်ရင်းတစ်ခုဖြစ်သည့်အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့မှ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ဒေသသတင်းရင်း မြစ်များထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၀ ရက် ညပိုင်းက ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး သွားပြီးနောက် တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်ရရှိကာ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများအနေဖြင့် အလံဖြူထောင် လက်နက်ချရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း လက်နက်ချအညံ့ခြင်းမရှိသဖြင့် KNLA ပူးပေါင်တးပ်ဖွဲ့က ဧပြီလ ၉ ရက် မွန်းလွဲပိုင်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မနေ့ည ၁၀ နာရီလောက်ကတည်းက စခတွေ စခန်းစွန့်ထွက်ပြေးသွားတာ၊ လက်နက်ခဲယမ်းတွေ အများ ကြီး သိမ်းဆည်းရရှိတယ်လို့ သိရတယ်။ စခတွေ မြဝတီအမှတ် ၂ တံတားဘက်ကို ထွက်ပြေးသွားတယ်လို့ ပြောတယ်၊ အဲဒါကြောင့် ထိုင်းဘက်မှာလည်း လုံခြုံရေးတွေ ထပ်မံတိုးမြင့်ထားတယ်၊ မြို့ထဲမှာတော့ စခ တွေမရှိတော့ဘူး၊ BGF တွေပဲ ရှိနေတာ၊” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

Photo – ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ကူးရန် အမှတ် ၂ ချစ်ကြည်ရေးတံတား၌ စောင့်ဆိုင်းနေကြသော မြန်မာများ

 

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းသိမ်းပိုက်ရရှိမှုနှင့်ပတ်သက်၍ ထိုင်းသတင်းမီဒီယာများက လည်း‌ ရေးသားဖော်ပြနေပြီး ထိုင်း -မြန်မာ နယ်စပ်ချစ်ကြည်ရေး အမှတ် ၂ တံတားကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် မြဝတီမြို့ပေါ်ရှိ ဘဏ်များ၊ ရွှေဆိုင်များ၊ လုပ်ငန်းများနှင့် မြို့မဈေးတို့ကို ဧပြီလ ၈ ရက်နေ့မှစတင်၍ ပိတ်ထားကြပြီး မြန်မာနိုင်ငံအင်တာနက်လိုင်း၊ ဖုန်းလိုင်များလည်း ပိတ်ခံထားရသဖြင့် ထိုင်းအင်တာနက်လိုင်း ၊ ဖုန်းလိုင်းများကိုသာ အသုံးပြုနေရကြောင်း၊ ထို့အပြင် ယမန်နေ့တရက်တည်း မြဝတီမြို့မှ မဲဆောက်မြို့ဘက်သို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် ပြည်သူ ၄၀၀၀ ကျော် ဝင်ရောက် ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

 

ထိုင်း -မြန်မာနယ် သောင်ရင်းမြစ်ကမ်းဘေးတလျှောက်၌ ထိုင်းနိုင်ငံကြည်းတပ်က လုံခြုံရေးအင်အား အများအပြား တိုးမြှင့်ချထားခဲ့ပြီး ထိုင်းတော်ဝင်လေတပ်မှလည်း F 16 လေယာဉ်များဖြင့် နယ်စပ်တ လျှောက် ကင်းလှည့်ပျံသန်းလျက်ရှိကြောင်း သိရသည်။

Photo – ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်ခြမ်း လုံခြုံရေးတိုးမြှင့်ထားသည့် စစ်သားများ

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော် ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသက ထုတ်ပြန်သည်။...