TNLA News

TNLA News

TNLA က ၎င်းသိမ်းပိုက်ရရှိထားသည့် နမ့်ခမ်းမြို့အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခန့် အပ်

 

D Day News

ဧပြီလ ၁၀

 

 

PSLF/TNLA က ၎င်းသိမ်းပိုက်ရရှိထားသည့် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်မှ မွန်းတည့် ၁၂ နာရီအချိန်အထိ တအာင်း ပြည်နယ်၊ တပ်မဟာ – ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပလောင်ပြည် နယ်လွတ်ရေးတပ်ဦး PSLF/TNLA မြို့နယ်အုပ်ချုပ်ရေးဌာနမှ မြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းနှင့် အဖွဲ့မှ တွေ့ဆုံကာ ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တအာင်းပြည်နယ်အတွင်း ပြည်သူများ၏ ဘဝလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိသူ၊ အများကြည်ညိုလေး စားသည့် သြဇာတိက္ကမရှိသူများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီး မှ အုပ်ချုပ်ရေးမှူးများကို ရွေး ချယ်ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် နမ့်ခမ်းမြို့နယ်မှူး ဗိုလ်ကြီး တောင်တန်းမှ နမ့်ခမ်းမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေး ယန္တရားများ၊ မြို့ပြန်လည်ထူထောင်ရေးကိစ္စများနှင့် မြို့သာယာရေးစေရေးအတွက် ရပ်ကွက်အုပ်ချုပ် ရေးမှူးများက ကြီးကြပ်ပြီး လုပ်ရမည်တာဝန်ရှိကြောင်း၊ ရပ်ကွက်အလိုက် ရေးမြောင်ကိုရှင်းလင်း ခြင်း၊ ခြုံပင်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ပျက်စီနေသည့်လမ်းများပြန်ပြုပြင်ပေးခြင်း နှင့်ပတ်သက် ၍  တက်ရောက်လာကြသည့် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများသိရှိအောင် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို နမ့်ခမ်းမြို့နယ် မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် PSLF/TNLA တာဝန် ရှိ သူများအပါအဝင် စုစုပေါင်း လူဦးရေ ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

ရခိုင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြရန် AA သတိပေး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် စစ်ရေးသတိရှိကြပါရန် အာရက္ခတပ်တော် -AA ကသတိ ပေးထားသည်။ ယခုရက်ပိုင်းအတွင်း ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်သင်္ဘော များပေါ်မှ စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊...