Pakokku News

Pakokku News

ပခုက္ကူနှင့်မြိုင်မြို့နယ်တို့ စစ်တပ်စခန်းနှင့် စစ်ကားတို့ကို ဗုံးကျဲ၊ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၁၀

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာ၌ တပ်စွဲထားသော စစ်သားများ ပခုက္ကူမြို့သို့ ကား ဖြင့်ပြန် လာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၄ နာရီခန့်က ပခုက္ကူမြို့နယ်၊ လက်ပုကန်ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား အချို့သည်ပခုက္ကူမြို့သို့ ၆ ဘီးကားတစ်စီးဖြင့် ပြန်လာစဉ် လက်ပုကန်ကျေးရွာနှင့် ချောက်ကန်ကျေးရွာအကြားအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးမှာ နားမကြားတော့သည်အထိ ပြင်းထန်ခဲ့ကြောင်း သိရ သည်။

 

https://youtu.be/CBHEHUXMri8

“လက်ပုကန်ဘုန်းကြီးကျောင်းထဲကနေ ပခုက္ကူကို ပြန်တဲ့ကားပေါ့၊ ၆ ဘီးကားနဲ့ပြန်တာ၊ ကားပေါ်မှာ ခွေးတွေလည်းပါတာပေါ့။ လက်ပုကန်နဲ့ချောက်ကန်ကြားထဲမှာ တစ်ပွိုင့်ဆွဲခဲ့တာ၊ အတွင်းသတင်း အရ စုံစမ်းသိရတာတော့ ၃ ယောက်ထိတယ်၊ တစ်ယောက်က နားလုံးဝမကြားတော့ပဲနဲ့ စိတ်က ယောင်ချောက်ခြားဖြစ်နေတယ်လို့ သိရတယ်။ကားလည်း ထိခိုက်ပျက်စီးမှုရှိတယ်၊မိုင်းဆွဲပြီးတော့ ချက်ချင်းပြန်ထွက်သွားနိုင်တာမျိုးမရှိဘူး၊ အချိန်အတော်ကြာကြာပြင်ပြီးမှ ဆက်မောင်းသွားတာ။” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ Burma Revolution Rangers နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ပခုက္ကူမြို့နယ် ရေလာလေးပျူစခန်းနှင့် မြိုင်မြို့နယ်၊ တွင်းမပျူစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၇ ရက်နေ့က ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံး မှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“ရေလာလေးပျူစခန်းနဲ့ တွင်းမပျူရွာကို လေးလက်ဒရုန်းနဲ့ တချိန်တည်း၊ တပြိုင်တည်း ချခဲ့တာ။ ၁၂ လုံးစီပေါ့။ သူတို့အထိုင်ချထားတဲ့နေရာတွေကျပြီးပေါက်ကွဲမှုတော့ရှိတယ်။ အဆောက်အအုံထိခိုက် ပျက်စီးတွေတော့ရှိတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိ၊ မရှိကတော့ သူတို့နယ်မြေထဲဖြစ်တဲ့ အ တွက် စုံစမ်းလို့မရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Young Force UG (ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၂) နှင့်မဟာ မိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

စစ်​ကောင်စီ၏ ရွေးကောက်ပွဲ ထောင်ချောက်ကို စုစည်းညီညွတ်စွာဖြင့် ကျော်လွှားကြရန် NUG တိုက်တွန်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲထောင်ချောက်ကို တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်စွာ လက်တွဲပြီး ကျော်ကြားပါရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန် ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ပုံမှန်ပြုလုပ်နေကြဖြစ်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီ အစဉ်တွင်...