International News

International News

၁၀၂၇  နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

 

D Day News

အောက်တိုဘာလ ၂၇

 

ဂျပန်နိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှား ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ် နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) နှင့် Revolution Tokyo Myanmar – R.T.M တိုပူးပေါင်းကာ “ရန်ကုန်မှာပြန်ဆုံ မယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူး အလေးအနက်ထား အရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်း ရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန် ရေးအင်အားစုများနှင့် ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်တွင်ပြန်ဆုံကြစေရန်၊ ရေဘဝဲ၏ ဆောင်ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှားမှုအား ရန်ကုန်မှ တိုကျိုသိုဆောင်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌  လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ရေဘဝဲရဲဘော် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ဆက်စပ် ၂ ဦးကို  စစ်တပ်မှ ဖမ်းဆီးထောင်ချ ထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ထီးလင်းမြို့နယ်အရှေ့ခြမ်းပုံတောင် တောင်ကြောပေါ်တနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ် တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အရှေ့တောင်ခြမ်း ပုံတောင်တောင်ပေါ်တနေရာကို စစ်တပ်က တိုက် ပွဲဖြစ် ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့...