Bago News

Bago News

ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၇

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့‌ အောက်တိုဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်း ကျေးရွာဘက်မှ တက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဥယျာဉ် ကြီးကျေးရွာထိပ်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်နေချိန် ၄၀ မမ ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးထပ်မံသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၆ Black Dragon GBK-PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြင်းပြင်းထန်ထန် တိုက် ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကြောင်းအနီး သွားလာ နေထိုင်ခြင်း လုံးဝ (လုံးဝ)မပြုလုပ်ကြရန် သတိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...