KNSO News

KNSO News

နှစ်ပေါင်း၂၀ ကျော်ကြာ ငြိမ်းချမ်းရေးယူထားသည့် ကြယ်ဖြူပြည်သူ့စစ်(ခ)KNSO က စစ်ကောင်စီကို တော် လှန်တိုက်ခိုက်တော့မည်ဟု တရားဝင်ကြေညာ

 

D Day News

ဧပြီလ ၁၀

 

နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီအမျိုးသားစည်းလုံး ညီညွတ် ရေးအဖွဲ့ (KNSO) ခေါ် ကြယ်ဖြူ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် တရားဝင် ကြေညာချက်ထုတ်ပြန်သည်။

 

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲပြဿနာများအပေါ် စစ်ကောင်စီဖက်မှ နည်းအမျိုးမျိုးဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအားမီးရှို့ဖျက်ဆီး ခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံးတိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီပြည်တွင်းရှိပြည်သူများ သာမကဘဲ မြန်မာတစ်နိုင်ငံလုံးရှိပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူငယ်လူရွယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောကြောင့် စစ် ကောင်စီ၏လုပ်ရပ်များအပေါ်( လုံးဝ )ကန့်ကွက် ရှုတ်ချပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မိမိတို့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၊ ဌာနချုပ်ရုံးအခြေပြုရာ ခဲမဖြူ-ကျေးရွာအတွင်း သို့ လေယာဉ်ဖြင့်ဗုံးကျဲခြင်း၊ မော်ချီးရှိပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခြင်းတို့ကြောင့် စစ်ကောင်စီမှ ငြိမ်းချမ်းရေးအားဖျက်ဆီးလိုက်ပြီဖြစ်သည်ကို သိရှိ လိုက်ရပါ ကြောင်း ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ( KNSO ) ကပြောဆိုထားသည်။

 

သို့ဖြစ်ပါ၍ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး( KNSO )အဖွဲ့အစည်းမှ အကြမ်းဖက်အာဏာ သိမ်းစစ်ကောင်စီတပ်အား ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများ နှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေးနှင့်အာဏာဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာထားသည်။

 

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး( KNSO )အဖွဲ့အစည်းသည် ကရင်နီပြည်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ အတွင်းရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်ပြီး နှစ်ပေါင်းများစွာစစ်ဘေးဒဏ်ခံစား ခဲ့ရသောဒေသခံပြည်သူများအတွက်ငဲ့ညှာ၍ – ၂ဝဝ၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

ထားဝယ်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစောထီး ရဲရင့်အောင် (ခ) တူးတူး ပစ်ခတ်ခံရပြီး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းများကို လိုက်လံစုံစမ်းနေသည့် ပျူစော ထီး ရဲရင့်အောင် (ခ) တူးတူးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ S.G.F ထံမှ သိရသည်။ ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီ...