Kachin News

Kachin News

ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက် ၅၀၀ ကျော်နှင့်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၂၁

 

ကချင်ပြည်နယ်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက် ၅၀၀ ကျော်နှင့်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီအချိန်တွင် ပန်ဝါမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ လက် နက် ၅၀၀ ကျော်အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/QVBVu7eaEV0

ပန်ဝါမြို့ကို အောက်တိုဘာလဆန်းပိုင်းတွင် KIA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ပန်ဝါမြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်သား၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်သားအချို့မှာ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်သားများ သေဆုံး မှုများအများအပြားရှိခဲ့ပြီး အရေအတွက် အတည်အတိအကျ သိရှိရခြင်းမရှိပေ။

 

ပန်ဝါမြို့သိမ်းတိုက်ပွဲအတွင်း ဒေသနေပြည်သူများမှ မြို့မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ တရုတ် -မြန်မာနယ်တွင် တရုတ်ပြည်ဘက်မှ ပိတ်ဆို့ထားသဖြင့် ကား၊ လူများစွာ ပိတ်မိနေခဲ့ကြောင်း သိရ သည်။

 

ပန်ဝါမြို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင် အထူးဒေသ ၁ နယ်ခြားစောင့်တပ်များက ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ KIA က အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးရွာထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။  ...