Bago News

Bago News

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

အောက်တိုဘာလ ၂၁

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီ ၂၃ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ တောင်ငူ မြို့ရှိ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး‌ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး လေတပ်အတွင်းသို့ လူနာတင်ကား ၃ စီးဝင်သွားကြောင်း၊ ယင်းလူနာ တင်ကားများဖြင့် ထိခိုက်သူများကို သယ်ဆောင်သွားသဖြင့် ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း ကာ Mission 24 အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ ၏ အကြမ်းဖက်လေတပ်သည်နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန် ဟုန်မြှင့် ၍လုပ်ဆောင် နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ နေ့နေ့ညည အသက်ဆုံးရှုံးနေရ ကာ တော်လှန်ရေးတပ်ဖွဲ့ ဝင်များသိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း ပြည်သူများကို မနေထိုင် စေချင် သည့် စစ်ရှုံးကောင်စီသည် ညတိုင်းလေကြောင်းဖြင့်တိုက်ခိုက်နေကြောင်း သိရသည်။

 

လတ်တလောတွင် လားရှိုး၊ မြစ်ခြေမြို့၊ ရှမ်းတောင် ကရင်နီဒေသ သာမက၊ စစ်ကိုင်းတိုင်း ၏နေရာ အတော်များများကို အကြမ်းဖက်စစ်ရှုံးကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

 

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ် နှင့် ရှမ်းတောင် တို့ရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ရှုံးကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြေင့် ယနေ့တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း BMW အဖွဲ့က ပြောဆိုသည်။

 

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုတိုက်ခိုက်ရာတွင် ထင်ရာစိုင်းသလို ဖြစ်နေ သည့် အကြမ်းဖက် လေတပ်ကို နှိမ်နင်းရန် အထူးလိုအပ်လာပြီဖြစ်၍ တော်လှန်ရေးအင်အားစုများလည်း လေတပ်ကို နည်းမျိုး စုံဖြင့် တန်ပြန်တိုက်ခိုက်ကြရန် အထူးတိုက်တွန်းထားပြီး BWM အနေဖြင့်လည်း ဆက် လက်၍ အရှိန် အဟုန် တိုးမြှင့်ကာ လေတပ် နှင့် စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...