Sagaing News

Sagaing News

ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးပိုင်းတွင် မိုင်းရှင်းနေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၀

 

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှင်းနေသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force -South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၀ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် ဂိတ်မှ ရေပိုးစားဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထောင်ထားသော မိုင်းကို တွေ့ရှိပြီး တူးဖော်နေစဉ် ပဒေသာမိုင်း ၃ လုံးပွိုင့် ၂ ပွိုင့်၊ ၄ လုံးပွိုင့် ၁ ပွိုင့်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းရှင်း စစ်သား ၄ ဦးအနက် စစ်သား  ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့အထဲက ၁ ဦးက သေဖို့များတယ်၊ ညနေအထိတော့ မသေသေးဘူး။ အခြေအနေက တော့ တော်တော်ဆိုးနေပြီလို့ ပြောတယ်။ နတ်ရေကန် ဂိတ်စခန်းထဲကို သယ်သွားတာပါ။ သေသွား တဲ့ ၁ ဦးကိုလည်း အဲဒီနတ်ရေကန်ဂိတ်မှာပဲ မြေမြှုပ်လိုက်တယ်လို့ သိရတယ်” ဟု People’s Defence Force -South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Daung Karyan က ပြောကြားသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော အကြမ်းဖက်စစ်သားများသည် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force -South Monywa၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Pentagram ၊ Venom Revolution Force ၊ Shining Star.Local Defense Force ၊ Myinmu Local Defence Force နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...