Kyaik Hto News

Kyaik Hto News

ကျိုက်ထိုတွင်စစ်ယာဉ်တန်းနှင့်ကင်းပုန်းကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံးပြီး ကား ၃ စီး ပျက်စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ကား ၃ စီးပျက်စီးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၅ မိနစ်အချိန်တွင်ပဲခူးတိုင်းမှ မွန်ပြည်နယ်သို့လာသော ယာဉ် ၁၈ စီး ပါ အကြမ်းဖက်စစ်ယာဉ်တန်းကို အင်္ဂဘိုကျေးရွာ အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးသွားပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၁၉ ဦး အပြင်းအထန် ဒဏ်ရာရရှိ ကာ ၈ ဦး သေသွားခဲ့ကြောင်း သိရသည်။

https://youtu.be/7Zmyqh8t5Lw

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA ၊ ကဝ-ပကဖ ၊ ABSDF ၊ PDFတပ်ရင်း ၃ နှင့် ကျိုက်ထိုပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွား ခဲ့ရ ကြောင်း သိရသည်။

 

ထို့အပြင် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် လက်ပံပင်သင်္ချိုင်းကုန်းရှေ့ ရှိ အကြမ်းဖက်စစ်သား များ ခိုအောင်းနေသော အိမ်တစ်အိမ်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ KRF NightHawks မှ ဒရုန်းဖြင့် ဗုံးသီး(၄)လုံး၊ PDF-ခရမ်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထု အပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ်တပ်စခန်း များကို လက်နက်ကြီးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို အင်အားဖြည့်တင်းသည့် လမ်းကြောင်းပေါ်ရှိ စစ် တပ် စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ပဲခူးခရိုင်ပကဖထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နေ့လည်ပိုင်းက ရွှေကျင်မြို့နယ်၊...