NUG News

NUG News

NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများ တွေ့ဆုံ

 

D Day News

အောက်တိုဘာလ ၂၀

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံ၊ ရောမမြို့ရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ နှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ထိုတွေ့ဆုံပွဲတွင် ပြည်ထောင်စု၀န်ကြီးက လက်ရှိ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှု အခြေ အနေများ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ လက်ရှိကြိုးပမ်းလုပ်ဆောင်နေမှုများကို အကျယ် တ၀င့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အီတလီ အပါအ၀င် နိုင်ငံတကာအစိုးရများနှင့် တွေ့ဆုံပြီးအကြမ်းဖက်စစ်အုပ်စုကို သံတမန်ရေးအရ အရေးယူခြင်း၊ စီးပွားရေးပိတ်ဆို့ အရေးယူခြင်း၊ လက်နက်တင်ပို့မှုများ ဖြတ်တောက်ခြင်းနှင့် ဥပဒေ ကြောင်းအရအရေးယူနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ရာ တက် ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ကြောင်း သိရသည်။

 

နိုင်ငံရပ်ခြားတွင်နေထိုင်ကြသော်လည်း မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ လူ့အခွင့်အရေးတိုက်ပွဲ အပေါ် တတ်နိုင်သည့်ဘက်က ယခုအချိန်အထိ စဥ်ဆက်မပြတ် ပါ၀င်နေကြသည့် အပေါ် ကျေးဇူး တင် ကြောင်းနှင့် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းစေမည့် အဆုံးသတ်တိုက်ပွဲတွင် အောင်မြင်သည် အထိ ဆက်လက်ပါ၀င် ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ထီးလင်းမြို့နယ်အရှေ့ခြမ်းပုံတောင် တောင်ကြောပေါ်တနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ် တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အရှေ့တောင်ခြမ်း ပုံတောင်တောင်ပေါ်တနေရာကို စစ်တပ်က တိုက် ပွဲဖြစ် ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့...