KIA News

KIA News

တရုတ် – မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် လွယ်ဂျယ်မြို့ကို KIA အလုံးစုံ သိမ်းပိုက်ရရှိ (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံကြား နယ်စပ်ဂိတ်မြို့တစ်ခုဖြစ်သည့် လွယ်ဂျယ်မြို့ကို KIA တပ်ဖွဲ့က အလုံးစုံသိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၁၀ နာရီခန့်ကတည်းက လွယ်ဂျယ်မြို့စောင့်တပ်ဖြစ်သည့် ခလရ ၁၄၂ တပ်ရင်းအတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲနှင့် Non CDM ဝန်ထမ်းများသည် တရုတ်ပြည်ဘက် ခြမ်းသို့ တရားမဝင်လမ်းကြောင်းမှ တဆင့် ကား ၂ စီးဖြင့် ထွက်ပြေးသွားရာ ယနေ့ နံနက်ပိုင်းတွင် KIA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဝင်ရောက်ပြီး သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောာင်း သိရသည်။

 

https://youtu.be/G1JupQ6Y0jg

“ဒီနေ့မနက်မှာ ရှင်းလင်းရေး လုပ်ပြီး KIA တပ်တွေ ဝင်ထိုင်လိုက်ပြီ။ တိုက်ပွဲလည်းမဖြစ်လိုက်ဘူး၊ ပိတ်ဆို့ခံထာရတာကြာပြီ၊ KIA ကလည်း ဒီအတိုင်းထွက်ခွင့်ပေးလိုက်တာလို့ သိရတယ်။ သူတို့လည်း ထွက်ကြတာ၊ ကလေးတွေရော၊ ရဲတွေရော၊ ဝန်ထမ်းတွေရော အကုန်လုံးပဲ၊ ကား ၂ စီးနဲ့ထွက်သွား တာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

ဧပြီလ ၄ ရက်နေ့ကစ၍ လွယ်ဂျယ်မြို့တွင်းသို့ KIA ပူးပေါင်းတပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်ခဲ့ရာ ရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့စောင့်တပ်အဖြစ်ကျန်ရှိနေသည့် ခလရ ၁၄၂ တပ်ရင်းကို ပိတ်ဆို့ထားရာ ယနေ့ ဧပြီလ ၉ ရက်နေ့တွင် စခန်းစွန့်ခွာသွားသဖြင့် KIA တပ်ဖွဲ့က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာရှိ စာကြည့်တိုက်၌ ကပ်ထးသော မဲစာရင်းများကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းကျေးရွာ၊ လူငယ် အားမာန်၊ စာကြည့်တိုက်၌ ကပ်ထားသည့် မဲစာရင်းစာရွက်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က...