Magway News

Magway News

ရေစကြိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၃

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၁ ရက် ညနေ ၄ နာရီခန့်က အင်အား ၇၀ ခန့်ဖြင့် ပခုက္ကူမြို့မှ ပခုက္ကူ- ရေစကြို လမ်းအတိုင်း စစ်ကြောင်း ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာဘက်သို့ ဝင်ရောက်နေသော စစ်ကြောင်း အား ထောက်ကူပေးရန် လိုက်လာသည့် ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သား၃ ဦး သေဆုံး ပြီး ၅ ဦးထက်မနည်းဒဏ်ရာရရှိကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

https://youtu.be/aLfL1Q8RTWg

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား ၅ ဦးကို ပခုက္ကူဆေးရုံသို့ သယ် ဆောင်သွားပြီး သေဆုံးသွားသော စစ်သား ၃ ဦးကို ပခုက္ကူမြို့ရှိ သက်ဆိုင်ရာ တပ်ရင်းအတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ယင်းတိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် MA1 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“ဇီးကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို နောက်ကနေ ထောက်ကူပို့ဖို့ လိုက်လာတဲ့ စစ် ကြောင်းကို တိုက်ခိုက်ခဲ့တာ၊ အပြန်အလှန်ပစ်တိုက်ပွဲက မိနစ် ၃၀ လောက်ပဲ ကြာမယ်။ ကျနော်တို့ ဘက်က အားကောင်းတဲ့အခါကျတော့ သူတို့က နောက်ပြန်ဆုတ်သွားတာ။ သူတို့ခုခံပြီးပစ်တဲ့ တောင်ကုန်းနေရာပေါ့၊ အဲဒီတောင်ကုန်းနေရာကို ရှင်းလင်းနိုင်ခဲ့တာ၊ မီတာ ၆၀၀ လောက်မှာလည်း စခ ဂိတ်စခန်းရှိတဲ့အတွက် ရှေ့ဆက်ရှင်းလို့လည်း အဆင်မပြေဘူးလေ။ အနီးကပ်ဆုံးနေရာလောက် ပဲရှင်းလင်းနိုင်ခဲ့တဲ့အတွက် သေနတ်က ၂ လက်ပဲရှိခဲ့တာ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၏ နတ်မိချောင်းစစ်ဆင်ရေး စစ်ကြောင်း ၊ BNRA (ဗမာအမျိုးသား တော်လှန်ရေးတပ်တော်) ၊ ပြည်သူ့အားမာန် PDF နှင့် King Cobra ညီနောင် မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့...