Mon State News

Mon State News

မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ် တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၂

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၈ တပ်စခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ် ကြောင်းထံမှ သိရသည်။

 

အောက်တိုဘာလ ၈ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ ၁၀ နာရီ မိနစ် ၃၀ အချိန်အထိ မုံမြို့နယ်၊ အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၈ တပ်စခန်းအတွင်းသို့ ရှော့တိုက်ဒုံးနှင့် SF-Z ဒရုန်း (Drone) များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အမတ-၃၁၈ တပ်စခန်းအတွင်းရှိ လက်နက်ကြီးအထိုင် နေရာ များ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နှင့် အခြားအဆောက်အအုံ များလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အ မှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း မှ တပ်ခွဲ-၂  ၊ တပ်ခွဲ- ၄ ကံ ပေါက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ – KBDF ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ မွန်ပြည်တော် လှန်ရေးတပ် ( MSRF) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ Saw Dragon  Drone Force (ဒရုန်း အထူးတပ်ဖွဲ့) ၊ Ye Air Force (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း- ၁ ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း-T5 နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ဦး(DDPDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...