Sagaing News

Sagaing News

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ် သား ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် မိုင်းရှင်းလင်းနေသော အကြမ်းဖက် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Moe Nyo Rervolution – MNRF ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ် ကန်ဖျားဇရပ်အနီးတွင် မိုင်းရှင်းလင်းရေးလုပ်နေသည့် စစ်ကောင်စီ တပ်သားများကို M9 ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအနီး ကျ ရောက်ပေါက်ကွဲကာ ဦးတည်ရာမဲ့လျှောက်ပြေးနေစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

https://youtu.be/k-EJbBGrRLU

ထိုသို့ ပစ်ခတ်တိုက်ခိုက်နေစဉ် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်မှ MA2 စက်လက်ဖြင့် ပစ်ခတ်တိုက် ခိုက်ပြီး ထိုးစစ်ဆင်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးရဲဘော်များမှလက်ဦးမှုယူကာ ထိထိရောက်ရောက် ထပ်မံကြိုဆိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများရှိကာ အကြမ်း ဖက်စစ်တပ်မှ သံချပ်ကာ ကားဖြင့် စစ်ကူလာရောက်သဖြင့် ပြန်လည် ဆုတ် ခွာခဲ့ရကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊   M.N.R.F အဖွဲ့သားများ အနေဖြင့်ရသည့် နည်းလမ်းများဖြင့် အာဏာရှင်အကြမ်းဖက စစ်ကောင်စီတပ်ကို အဆုံးထိတော်လှန် သွားမည်ဖြစ်ပြီးမိဘ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေပေးခြင်း ကူညီပေးကြပါရန် အသိပေး ထုတ်ပြန်သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့၊ ဒီမိုကရေစီကို လေးစားမှုမရှိတဲ့ စစ်အုပ်စုရဲ့...