TNLA News

TNLA News

သီပေါမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ သီပေါမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၃ တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၁၀၆) ရက်မြောက် အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက် ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ် ကောင်စီတပ် ခလရ ၂၃ တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၈ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်

အလားတူ နောင်ချိုမြို့ အကြမ်းဖက်စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်းနှင့် တောင်ခမ်း ကျေးရွာနေရာကို စစ်ကောင်စီတပ်မှ 112 MM ဖြင့် ၂ ကြိမ် ဗုံးသီး (၁၃) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း၊ ထိုအပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်း နေရာတွင် ထောက်ပိုယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ (၁၂) ထုပ် လာရောက်ကြဲချခဲ့ ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...