Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေး သန်းခေါင်စာရင်းကောက်‌ နေသူ Non CDM ထွေအုပ်စာရေး ၁ ဦးနှင့် ဆရာမ ၈ ဦးကို ဖမ်းမိ

 

D Day News

အောက်တိုဘာ ၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေး သန်ခေါင် စာရင်း ကောက်နေသူ Non CDM ထွေအုပ်စာရေး ၁ ဦး၊ ဆရာမ ၈ ဦးစုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီး ရရှိခဲ့ကြောင်း Launglone People Defence Force-LLPDF ထံမှ သိရသည်။

 

အောက်တိုဘာလ ၆ ရက် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ သက်ဆိုးရှည်စေရန် မတရားပြု လုပ်နေသော တရားမဝင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ပတ်သက် နေသည့် လောင်းလုံးမြို့နယ်နေ ထွေအုပ်စာရေး ၁ ဦး နှင့် Non-CDM ဆရာမ ၈ ဦး စုစုပေါင်း ၉ ဦး ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ထားဝယ်မြို့ပေါ်သို့ သန်းခေါင် စာ ရင်း ကောက်ယူရန်သွားလမ်းပိုင်း၊ အပြန်လမ်းပိုင်းနှင့် ၎င်းတို့နေအိမ်များတွင် အသီးသီး ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် သက်သေအထောက်အထားများနှင့်တကွ ပူးတွဲဖမ်းဆီးထိန်းသိမ်းထားသည့် ပစ္စည်းများ၊ Video မှတ်တမ်းများ ၊ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့် ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၄ နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ထံသို့ လူနှင့်သက်သေခံ ပစ္စည်းများအား ပူးတွဲအပ်နှံ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူ ပေး နေသူများနှင့် လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးရမည့် ပါဝင်ပက်သက် သူများ အား စာရင်းအတိအကျရရှိထားပြီး ဆက်လက်၍ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေမည် ဆိုပါက ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊...